ကျနော့်ကို သူငယ်ချင်းတစ်ယောက်က ကာရာအိုကေ သီချင်းစာသားတွေ ဖန်တီးဖို့
လွယ်ကူတဲ့ နည်းများကို တောင်းထားတာရှိပါတယ်..။ တကယ်တော့ ဒီလိုလုပ်နည်းက
ဘယ်ဆော့ဝဲလ်နဲ့ပဲ လုပ်လုပ် မလွယ်ပါဘူး..။ မိမိတို့ ကြိုးစားအားထုတ်မှု၊
လေ့လာမှု ပေါ်မူတည်ပြီး ကျွမ်းကျင်စွာ အသုံးပြုတတ်မှသာ လွယ်တယ်၊ ခက်တယ်လို့
ပြောလို့ရမှာပါ..။ ဒီဆော့ဝဲလ်လေးကိုလည်း ဒီလို ကာရာအိုကေ သီချင်းစာသားတွေ
ဖန်တီးယူဖို့ သိပ်တော့လွယ်တယ်လို့တော့ ပြောလို့ မရပါဘူး..။ ဒီပိုစ့်ရဲ့
အောက်ဆုံးမှာ ရှာပေးထားတဲ့ Video ဖိုင်လေးတွေကို တခုစီ၊ တဆင့်စီ
ဖြေးဖြေးချင်း လေ့လာမှတ်သားမှ ၊ အခေါက်ခေါက်၊ အခါခါကြည့်ပြီး လုပ်မှ
ဒီလုပ်နည်းကို လုပ်တတ်မှာပါ..။ ကျနော်စမ်းသုံးရင်း တခြား Video Edit
လုပ်တဲ့ ဆော့ဝဲလ်တွေထက်တော့ အနည်းငယ် ပိုလွယ်တယ်လို့တော့ ပြောလို့
ရပါတယ်..။ ဒါကြောင့် ဒီဆော့ဝဲလ်ကို ဖူးဖြစ်အောင် လုပ်ပြီး
အသုံးပြုတတ်အောင်ပါ Video ဖိုင်လေးတွေနဲ့ ပြန်လည် တင်ပေးလိုက်ပါတယ်..။
ဝင်းဒိုး 64-bit တွေအတွက်တော့ Sony Vegas Pro 12 ကို ဒေါင်းယူ
အသုံးပြုနိုင်ပြီး.. ဝင်းဒိုး 32-bit ဗါးရှင်းတွေ အတွက်ကတော့ Sony Vegas
Pro 11 ကို ဒေါင်းယူ အသုံးပြုရမှာပါ..။ ဖူးဖြစ်အောင် လုပ်နည်းက ဒီပိုစ့်မှာ
လုပ်ပြပေးထားတဲ့ ပုံလေးတွေအတိုင်း အတူတူပဲမို့ Sony Vegas Pro 12 နဲ့
လုပ်ပြထားခြင်း ဖြစ်ပါတယ်..။ ဒီဆော့ဝဲလ်ကို ဖူးသုံးလို့ ရအောင် လုပ်နည်းက
အနည်းငယ် ရှုပ်တဲ့အတွက် တဆင့်စီ သေချာကြည့်ပြီး လုပ်ဖို့ လိုပါတယ်..။ ဒါမှသာ
ဒီဆော့ဝဲလ်ကို ဖူးသုံးလို့ ရမှာပါ..။ 32-bit နဲ့ 64-bit ၂-ခုစလုံးကို
ကျနော် အသုံးပြုပြီး အဆင်ပြေလို့ ပြန်လည်တင်ပေးလိုက်ခြင်းပါ..။ ဒီ Sony
Vegas Pro ဆော့ဝဲလ်ဖြင့် ကာရာအိုကေ သီချင်းစာသားများကို ဖန်တီး ယူလိုတဲ့
သူများကတော့ အောက်ကလင့်တွေမှာ မိမိတို့ဝင်းဒိုးနဲ့ ကိုက်ညီတဲ့ 32 or 64-bit
ဗါးရှင်းအလိုက် ခွဲခြားပြီး ဒေါင်းယူလိုက်ပါဗျာ..။
64-bit = 215 MB
==================================
32-bit = 199 MB
32-bit = 199 MB
မိမိတို့ စက်ထဲမှာ Sony Vegas Pro ဆော့ဝဲလ်ကို Install ထည့်ပြီးသွားရင်တော့
အရင်ဆုံး အောက်ကပုံလေးအတိုင်း Keygen လို့ ရေးထားတဲ့ Keymaker လေးကို
Right Click >> Run as administrator နဲ့ ဖွင့်လိုက်ပါ..။
အောက်ကပုံမှ မျှားပြထားတဲ့ နေရာမှာ မိမိတို့ အသုံးပြုတဲ့ Sony Vegas Pro 12
(OR) 11 ဗါးရှင်းကို မှန်အောင် ရွေးယူပေးလိုက်ပါ..။ ပြီးရင် Generate
စာသားကို တချက်ကလစ်ပေးပါ..။
ပြောင်းပြီး ပေါ်လာတဲ့ ကီးတွေနဲ့ ကုဒ်တွေကို အောက်ကပုံအတိုင်း Notepad မှာ copy ယူပြီး အရင်မှတ်ထားလိုက်ပါ..။
နောက်တဆင့်မှာတော့ patch နေရာကို ကလစ်ပြီး ပေါ်လာတဲ့ ဘောက်စ်ထဲမှ C:>>
ProgramFiles>> Sony ဖိုင်လေးကို ရှာပြီး ရွေးယူ ကလစ်ပြီး OK
ပေးပါ..။ ဒီနေရာမှာ အဲ့ဒီ C:>> ProgramFiles>> Sony
ဖိုင်လေးကို ၂-ခါသွားပြီး ကလစ်ယူပေးရမှာ ဖြစ်ပါတယ်..။ ဒါမှသာ patch
ဖိုင်လေး အလုပ်လုပ်နိုင်မှာပါ..။ အောက်ကပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..။
အပေါ်ကပုံအတိုင်း OK ပေးပြီးရင် အောက်ကပုံလေးတွေ အတိုင်း ထပ်ပေါ်လာမှာ
ဖြစ်ပြီး.. နောက်တခါ ထပ်ပြီး C:>> ProgramFiles>> Sony
ဖိုင်လေးကို ထပ်ကလစ်ပြီး OK ထပ်ပေးလိုက်ပါ..။ ဒါဆိုရင် ပထမအဆင့် patch
ဖမ်းတဲ့နည်း အောင်မြင်ပါပြီ..။
patch ဖမ်းတဲ့ ပုံလေးက အောက်ကပုံလေးအတိုင်း ပေါ်လာရင် ပြီးတဲ့အထိ ခဏစောင့်နေပေးလိုက်ပါ..။
အပေါ်ကပုံလေးအတိုင်း စာသားတွေ ပြောင်းပေါ်လာရင်တော့ keymaker လေးကို Exit နဲ့
ထွက်ပြီး၊ ပိတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း Sony Vegas Pro
ဆော့ဝဲကို ဖွင့်ပြီး နောက်ပိုင်း အဆင့်တွေကို ထပ်လုပ်ပေးဖို့
ကျန်ပါသေးတယ်..။
Next နဲ့ အဆင့်ဆင့် ဝင်သွားပြီး အပေါ်ဆုံးမှာ keygen မှ copy ယူထားတဲ့
ကီးတွေကို အောက်ကပုံလေးအတိုင်း Notepad ကနေ copy-paste နဲ့
ထည့်ပေးလိုက်ပါ..။
Next ကို နှိပ်ပြီး နောက်တဆင့်မှာတော့ အောက်ကပုံလေးအတိုင်း Register from another computer ကနေ သွားလိုက်ပါ..။
အပေါ်ကပုံအတိုင်း ဖြည့်ပြီး အောက်ကပုံအတိုင်း ဖိုင်လေးကို ဝင်းဒိုးရဲ့ တနေရာရာမှာ သိမ်းလိုက်ပါတယ်..။ ဘယ်မှာ သိမ်းသိမ်း ရပါတယ်..။
Next နဲ့ ဆက်သွားပြီး နောက်တဆင့်မှာတော့ အောက်ကပုံအတိုင်း notepad မှာ
မှတ်ထားတဲ့ ကုဒ်တွေကို copy-paste နဲ့ ထည့်ပေးလိုက်ရင် ဒီကောင်လေးကို
ဖူးသုံးလို့ ရသွားပါပြီ..။
Finish ပေးလိုက်ရင်တော့ အောက်ကပုံအတိုင်း Sony Vegas Pro ဆော့ဝဲလ်ကို ဖူးသုံးလို့ ရသွားပါပြီ..။
အောက်ကပုံလေးကတော့ Video ဖိုင်လေးတွေကို ထည့်ယူရမယ့် နေရာလေးတွေပါ..။
အောက်က လေ့ကျင့်ခန်း Video လေးတွေကို ဖြေးဖြေခြင်း၊ တဆင့်စီ ကြိုးစား
လေ့လာလိုက်ရင်တော့ ဒီ Sony Vegas Pro ဆော့ဝဲလ်နဲ့ ကာရာအိုကေ
သီချင်းစာသားတွေကို ဖန်တီးနိုင်ပြီး.. လုပ်တတ်၊
အသုံးပြုတတ်သွားပါလိမ့်မယ်..။ အားလုံးပဲ အဆင်ပြေပါစေ..။
အောက်မှာ video နဲ့လည်းလုပ်ပြထားပါတယ်





















No comments:
Post a Comment