မိတ်ဆွေတို့လာရောက်တဲ့အတွက်အထူးကျေးဇူးတင်လျှက်ပါ

ဒီမှာရှာပါ

Friday, November 15, 2013

Y511-T00 and U00 Firmware နှင့် တင်နည်း


Y511 ဖုန်းတွေမှာ မြန်မာစာအဆင်မပြေတာကြောင့် မြန်မာစာစမ်းရင်း ဖမ်းဝဲပြန်မတက်တာတွေ ကြုံတာများနေကြပါပြီ… ကျွန်တော်လည်းအပါအ၀င်ပေါ့… အခု စီးရီးနှစ်ခုလုံးအတွက် လိုအပ်တဲ့ ဖိုင်တွေနဲ့ တင်နည်းကိုပါ ဖော်ပြပေးလိုက်ပါတယ်…
အရင်ဆုံး Y511-T00 အတွက် တင်နည်းကို ဖော်ပြပေးပါမယ်..

၁။ T00 အတွက် အရင်ပြေပါမယ်...
လိုအပ်တဲ့ဖိုင်လေးတွေကို အရင်ဒေါင်းလိုက်ပါ။
Y511-T00 Firmware
လင့်ကိုဝင်လိုက်ရင် အောက်ကပုံမျိုးပေါ်ပါမယ်... တရုတ်လိုတွေဆိုတော့ မဒေါင်းတတ်မှာစိုးလို့ ပုံနဲ့ပြပေးလိုက်ပါတယ်.. ပုံမှာ မျှားပြထားတဲ့နေရာကိုနှိပ်ရမှာပါ။

ဒေါင်းလို့ပြီးပြီဆိုရင် ရလာတဲ့ rar ဖိုင်ကိုဖြည်လိုက်ပါ။ ဖိုဒါတစ်ခုရပါမယ်.. အဲ့ဖိုဒါကိုထပ်ဖွင့်လိုက်ပါ။ အထဲက dload ဆိုတဲ့ဖိုဒါကို ကော်ပီယူပြီး format ရိုက်ထားတဲ့ sd ကဒ်ထဲကို ကူးထဲ့လိုက်ပါ။ dload ဆိုတဲ့ ဖိုဒါထဲမှာ update.zip ပါပါတယ်.. အဲ့ဖိုဒါလိုက်ကူးထဲ့ခိုင်းတာပါ။ ပြီးရင် ရိုးရိုး Huawei တွေတင်သလိုပဲ.. vol up + vol down + power သုံးခုကိုနှိပ်ထားပေးလိုက်ပါ။  သူ့ဟာသူ update လုပ်သွားပါလိမ့်မယ်... ပြည့်သွားပြီဆိုရင် auto restart ကျပြီး ပြန်တက်လာရင်ရပါပြီ...
တစ်ကယ်လို့ အဲ့ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင် recovery ကနေ ၀င်တင်ပါ။ recovery ၀င်ဖို့ကတော့ power ကို ခဏဖိထားပါ... တစ်ချက် တုန်သွားပြီဆိုရင် လွှတ်ပြီး vol up + vol down နှစ်ခုကို စုံနှိပ်ပေးထားပါ... recovery ကိုဝင်သွားပါလိမ့်မယ်..
recovery ကနေ update zip from sd card ကနေ သွင်းရမှာပါ။

၂။ U00 အတွက်ပါ။ လိုအပ်တဲ့ဖိုင်တွေကို အောက်မှာဒေါင်းပါ။
Y511-U00 Firmware
ဖိုင်ကိုဒေါင်းပြီးရင် rar ဖြည်လိုက်ပါ။ ထွက်လာတဲ့ဖိုဒါထဲမှာ spflash tool ဖိုဒါရယ် ၊ driver ဖိုဒါရယ် ပါပြီးသားပါ။ driver သိအောင်အရင်လုပ်ပါ။ ဖုန်းကို battery ဖြုတ်ပြီးကြိုးထိုးလိုက်ပါ။ found new hardware ... run ပါလိမ့်မယ်.. driver သိပြီးသားဆို သူ့ဟာသူ တက်သွားမယ်.. မသိသေးဘူးဆိုရင် ခုန ဖိုဒါထဲမှာပါတဲ့driver ဖိုင်ကို device manager ကနေ လမ်းကြောင်းပေးပြီး တင်ပေးလိုက်ပါ။ ပြီးသွားရင် ဖုန်းကို ခဏပြန်ဖြုတ်ထားပါဦး...
sp flash tool ကိုဖွင့်ပါ။ အောက်ပုံမှာပြထားတဲ့ 1 - Scatter-Loading ကိုနှိပ်ပြီး 2 ပြထားသလို... MT6572_Android_scatter_emmc.txt ဖိုင်ကို ရွေးပေးလိုက်ပါ။ ပြီးရင် 3 ပြထားတဲ့ Firmware Upgrade ကိုနှိပ်လိုက်ပါ။

နှိပ်ပြီးပြီဆိုရင် ဖုန်းကို battery ဖြုတ်ထားတဲ့အတိုင်း ကြိုးထိုးပေးလိုက်ပါ။ အောက်က ဘားတန်းလေးမှာ အလုပ်လုပ်နေတာတွေ့ပါလိမ့်မယ်.... နည်းနည်းကြာပါတယ်... တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားတာကို စောင့်ပေးပါ။ နောက်ဆုံး popup ဘောက်လေးနဲ့ အစိမ်း ၀လုံးပုံလေးပေါ်လာမှပြီးမှာပါ။ အစိမ်းရောင် ၀လုံးလေးပေါ်လာပြီဆိုရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ....။ ဒီ firmware က root ပါပြီးသားပါ။ မြန်မာစာအတွက်ကတော့ ဒီဖိုရမ်ထဲမှာတင်ထားတာတွေ့ပါတယ်...
Y511 Recovery ဒါကတော့ u00 အတွက် recovery ပါ... လိုအပ်ရင်သုံးဖို့ယူထားပေါ့...
အခုနောက်ထွက်တဲ့ MMAS Smart Zawgyi v1.3 နဲ့ အဆင်ပြေပါတယ်... မရှိရင် တစ်ခါတည်း ဒေါင်းသွားနိုင်ပါတယ်... အားလုံးပဲ အဆင်ပြေကြပါစေဗျာ...
02.jpg

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

နည်းပညာများကိုမျှဝေခံစားချင်ရင် Member ၀င်ခဲ့ပါ

Popular Posts

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည့်နည်းလမ်းလေးပါ...... မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ